၂၀၂၅ ခုနှစ် OLYMPIC DAY အထိမ်းအမှတ်အဖြစ် စက်ဘီးစီးပြိုင်ပွဲကို ဇွန်လ(၂၂)ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းရှိ စက်ဘီးစီးကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနကနေ သိရပါတယ်။

ဒီပြိုင်ပွဲမှာ အမျိုးသားပြိုင်ပွဲရော အမျိုးသမီးပြိုင်ပွဲပါ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဘယ်လိုပြိုင်ဘီးအမျိုးအစားနဲ့မဆို ပါဝင်ယှဥ်ပြိုင်နိုင်မှာဖြစ်ပြီး စက်ဘီးစီးဦးထုပ် ပါရှိရမှာ ဖြစ်တယ်လို့ သိရပါ တယ်။ဆုချီးမြှင့်မှုအနေနဲ့ အမျိုးသားပြိုင်ပွဲမှာ ပထမဆုကနေ ပဉ္စမဆုအထိ ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲမှာ တော့ ပထမဆုကနေ တတိယဆုအထိ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဝင်ရောက်ယှဥ်ပြိုင်လိုတဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲကျင်းမဲ့ရက်မှာ စာရင်းပေးသွင်းပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။