ဩစတြေးလျ စက်ဘီးစီးသမား ကာလပ် အီဝမ်ဟာ ကစားသမားသမားဘဝကနေ အနားယူလိုက်ပြီလို့ မေလ ၆ ရက်က ရုတ်တရက် ကြေညာသွားခဲ့ပါတယ်။ အီဝမ်ဟာ ဗြိတိန် စက်ဘီးအသင်း အင်နီယို့စ်နဲ့ ပြီးခဲ့တဲ့လကမှ ၁ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အခုလို ရုတ်တရက် ကြေညာမှုက စက်ဘီးလောကကို အံ့အားသင့်စေခဲ့ပါတယ်။

အသက် ၃၀ အရွယ် အီဝမ်ဟာ စက်ဘီးစီး ပြိုင်ပွဲကြီးတွေဖြစ်တဲ့ တိုးဒီဖရန့်ပြိုင်ပွဲနဲ့ ဂီရိုဒီ အီတာလီယာ ပြိုင်ပွဲတွေ မှာ အဆင့် ၅ ခုစီကို အနိုင်ရထားခဲ့ဖူးတာ ဖြစ်ပါတယ်။ အများကြီး စဉ်းစားခဲ့ပြီးမှ အခုဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်သလို အားကစားက သူ့ဘဝမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်လို့ ၁၁ နှစ်ကြာ ကစားသမား ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အီဝမ်က သူ့ရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းက ကစားသမားဘဝကနေ အနားယူဖို့အတွေးတွေ ခေါင်းထဲကို ရောက်နေခဲ့တာဖြစ်ပြီး အင်နီယို့စ်အသင်း ကို ရောက်လာပြီးနောက် အသင်းရဲ့ ကူညီပေးမှုတွေကြောင့် ယုံကြည်မှုတွေ ပြန်ရလာခဲ့တာပါ။ ဒါပေမဲ့ အခုချိန်မှာ တော့ ကစားသမားဘဝကနေ အနားယူဖို့ မှန်ကန်တဲ့အချိန်ဖြစ်ပြီလို့ ခံစားမိတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ် တယ်လို့ အီဝမ်က ပြောသွားခဲ့ပါတယ်။