၂၀၂၅ ဂီရိုဒီအီတာလီယာ စက်ဘီးစီးပြိုင်ပွဲမှာ ထရက်ခ်အသင်းသား ပက်ဒါဆန်ဟာ အကောင်းဆုံးပုံစံရနေပြီး မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ အဆင့်-၅ မှာလည်း နိုင်ပွဲ ထပ်ရခဲ့ပါတယ်။ အဆင့် ၅ က တောင်တက်ခရီးလမ်း အဆင့်ဖြစ်ပြီး ပြိုင်လမ်းကြောင်က ၁၅၁ ကီလိုမီတာခရီး ရှိတာကြောင့် ပြိုင်ပွဲဝင်တွေဟာ ခရီးလမ်းကို ပြီးဆုံး အောင် ယှဉ်ပြိုင်နိုင်ဖို့အတွက် ခွန်အားကို ချိန်ဆပြီး အသုံးပြုနိုင်ဖို့ လိုအပ်တဲ့အဆင့်လည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အဆင့် ၄ ခုမှာ ၂ ခုကိုအနိုင်ရထားတဲ့ ပက်ဒါဆန်ဟာ ပြိုင်ပွဲပြီးဆုံးဖို့ ၅၀ ကီလိုမီတာအလိုမှာပဲ ဦးဆောင် သူနေရာကို ရောက်လာခဲ့တာပါ။ အီတလီနိုင်ငံသား ဇမ်ဘာနီနီက ပက်ဒါဆန်ကို အနီးကပ်လိုက်ပြီး ဖိအားပေး နိုင်ခဲ့ပေမယ့် ပြိုင်ပွဲအပြီးမှာတော့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အဆင့် ၅ မှာ ပက်ဒါဆန်က ၃ နာရီ ၂၇ မိနစ် ၃၁ စက္ကန့်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဇမ်ဘာနီနီက ဒုတိယနဲ့ ဗြိတိန်နိုင်ငံသား ပစ်ကော့က တတိယ အသီသီး ရခဲ့ကြပါတယ်။

အဆင့် ၅ ဆင့်အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာလည်း ပက်ဒါဆန်က ၁၅ နာရီ ၁၁ မိနစ် ၅၂ စက္ကန့်နဲ့ ထိပ်ဆုံးက ဆက်လက်ဦးဆောင်နေပြီး စလိုဗေးနီးယားနိုင်ငံသား ရိုဂလစ်က ၁၇ စက္ကန့်အကွာနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။မေလ ၁၅ ရက်နေ့မှာတော့ ပြိုင်ပွဲဝင်တွေဟာ အဆင့် ၆ အဖြစ် ၂၂၇ ကီလိုမီတာကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။