အခုတစ်ပတ်ကျင်းပမယ့် တိုးဒီဖရန့် ပြင်သစ်ခရီးရှည် စက်ဘီးစီးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့အတွက် ထိပ်ဆုံးက ရေပန်းစားနေမှုအပေါ် ကျေနပ်မိတယ်လို့ လက်ရှိချန်ပီယံ ပိုဂါကာက ပြောသွားပါတယ်။ အသက် ၂၆ နှစ်အရွယ် ပိုဂါကာဟာ တိုးဒီဖရန့် ချန်ပီယံဆုကို ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ရယူထားနိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာ လည်း ချန်ပီယံဖြစ်ဖို့အတွက် ရေပန်းစားနေတာ ဖြစ်ပါတယ်။

တိုးဒီဖရန့်လို ပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်ဖို့အတွက် ထိပ်ဆုံးက ရေပန်းစားတယ်ဆိုတာ ဂုဏ်ယူစရာကောင်းသလို စိတ်ကျေနပ်စရာလည်း ကောင်းပါတယ်လို့ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာက ပြောပါတယ်။ အခုနှစ် တိုးဒီဖရန့်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ပိုဂါကာကို စိန်ခေါ်နိုင်မယ့်သူအဖြစ် ၂၀၂၂ နဲ့ ၂၀၂၃ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူထားနိုင်တဲ့ ဒိန်းမတ်နိုင်ငံသား ဗင်ဂီဂတ်ကို အားလုံးက သတ်မှတ်ထားကြပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တိုးဒီဖရန့်ချန်ပီယံဆုကို ရယူထား ကြတဲ့ ကစားသမား ၂ ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုအပေါ် အားလုံးက စိတ်ဝင်စားနေကြတာဖြစ်ပြီး ပိုဂါကာ ကတော့ ဗင်ဂီဂတ်က ကောင်းမွန်တဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သလို ဗင်ဂီဂတ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်လို့ ပြောထားပါတယ်။