အိုလံပစ် မီတာ ၈၀၀ ရွှေတံဆိပ်ဆုရှင် ဗြိတိန်အပြေးမယ် ဟော့ကင်ဆန်ဟာ BBC ကပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဟော့ကင်ဆန်ဟာ ပြီးခဲ့တဲ့ ပဲရစ် အိုလံပစ်ပြိုင်ပွဲမှာ ကစားသမားဘဝ ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

သူရဲ့ ပထမဆုံး အိုလံပစ်ပြိုင်ပွဲဖြစ်တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရခဲ့တဲ့ ဟော့ကင်ဆန်ဟာ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ၂ နှစ်ဆက်တိုက် ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ အခုနှစ် ရောမမြို့မှာ ကျင်းပခဲ့တဲ့ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာတော့ မီတာ ၈၀၀ ပြေးပွဲမှာ ရွှေတံဆိပ်ဆုကို ၂ နှစ်ဆက်အဖြစ် ရယူနိုင်ခဲ့သလို ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆဋ္ဌမအမြန်ဆုံး စံချိန်ရှင်လည်းဖြစ်လာခဲ့ပါတယ်။ဒါ့ကြောင့်လည်း BBC ကနေ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား (Sport Personality of the Year) ဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီဆုကို ရခဲ့တဲ့ အတွက် အနည်းငယ်အံ့အားသင့်ခဲ့ရသလို နည်းပြဖြစ်သူရဲ့ သင်ကြားမှုတွေကြောင့် အခုလိုမျိုး အောင်မြင်မှုရခဲ့ တာဖြစ်တယ်လို့ ဟော့ကင်ဆန်က ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက်ကလည်း BBC ကပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အမျိုးသမီးတွေဖြစ်ကြတဲ့ မယ်ရီအာ့ပ်၊ ဘတ်မိတ်ဒ်နဲ့ ရာဒူကာနူတို့ ရရှိခဲ့ကြပြီး အခုနှစ်မှာလည်း ဗြိတိန်အပြေးမယ် ဟော့ကင်ဆန်ရခဲ့တာကြောင့် ၄ နှစ်ဆက် အမျိုးသမီး ကစားသမားတွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။