NBA အသင်း ဂိုးဒင်းစတိတ်ဝါရီယာရဲ့ အားထားရတဲ့ ကစားသမား စတီဖင် ကာရီဟာ တံကောက်ကြော ဒဏ်ရာ ကြောင့် တစ်ပတ်လောက် နားရမှာဖြစ်တယ်လို့ သိရပါတယ်။ ကာရီရဲ့ ဒဏ်ရာအခြေအနေကို ဗုဒ္ဓဟူးနေ့က အသေးစိတ် စစ်ဆေးခဲ့ပြီးနောက် တစ်ပတ်လောက် နားရမယ်လို့ အဖြေထွက်လာခဲ့တာ ဖြစ်ပါတယ်။ ကာရီရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုကို စောင့်ကြည့်သွားမှာဖြစ်ပြီး အလျင်အမြန် ပြန်ကစားဖို့ ဖိအားပေးသွားမှာ မဟုတ်ဘူးလို့ ဝါရီယာအသင်းနည်းပြက ပြောပါတယ်။

ကာရီဟာ အင်္ဂါညက မင်နီဆိုးတားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲချိန် ဒုတိယပိုင်းမှာ အဲဒီဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး လူစားလဲ ခံလိုက်ရတာဖြစ်ပါတယ်။ NBA အနောက်ပိုင်း ကွန်ဖရင့်စ် ဆီမီးဖိုင်နယ်အဖြစ် ဂိုးဒင်းစတိတ် ဝါရီယာအသင်းက မင်နီဆိုးတားအသင်းနဲ့ ပွဲစဉ် ၇ ပွဲကစားရမှာဖြစ် ပြီး ပထမပွဲမှာတော့ ဂိုးဒင်းစတိတ်ဝါရီယာအသင်းက ၉၉ မှတ် – ၈၈ မှတ်နဲ့ အနိုင်ရပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ ပါတယ်။ စတီဖင်ကာရီကတော့ ဒဏ်ရာကြောင့် မင်နီဆိုးတားအသင်းနဲ့ ကစားမယ့် ပွဲစဉ် ၃ ပွဲလောက်ကို လွဲချော်ရဖို့ ရှိနေတာဖြစ်ပြီး မေလ ၁၄ ရက်မှာ ကစားမယ့် ပွဲစဉ် ၅ မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်မှာ ဖြစ်ပါတယ်။