မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေနဲ့ အခြေခံပညာကျောင်းသားကျောင်းသူတွေထဲက မြန်မာ့သိုင်းပညာကို စိတ်ပါဝင် စားတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်သွားမယ်လို့ သိရပါတယ်။ ကျောင်းသားလူငယ်တွေထဲမှာ တိုင်းနဲ့ပြည်နယ် အဆင့်ပြိုင်ပွဲတွေကနေ နိုင်ငံအဆင့်အထိ တက်လှမ်းနိုင်တဲ့ လူငယ်ကစားသမားတွေ တွေ့မြင်ခဲ့ရပြီး အဖွဲ့ချုပ်နဲ့ ကျောင်းတွေပူးပေါင်းကာ လူရွေးပြိုင်ပွဲတွေလည်းပြုလုပ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အမှုဆောင် အဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီး ဦးစိန်ဝင်းက ပြောပါတယ်။
တစ်ဖက်က မျိုးဆက်သစ်တွေမွေးထုတ်ဖို့ဆောင်ရွက်နေသလို လာမယ့်နှစ်ထိုင်းနိုင်ငံမှာကျင်းပမယ့် ဆီးဂိမ်းပြိုင် ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်တာတွေဆောင်ရွက်နေတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။ မြန်မာ့သိုင်း အားက စားနည်းကို ကျောင်းမှာ၂၀၁၄ ခုနှစ်ကတည်းက စတင်သင်ကြားပေးခဲ့ပြီး ထူးချွန်တဲ့ ကျောင်းသားကျောင်းသူတွေ ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ မြန်မာ့ပညာရေးအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းအုပ် ကြီး ဦးစိုးရွှေမြင့်က ပြောပါတယ်။
ကျောင်းသားတစ်ယောက်ဖြစ်တဲ့ မောင်ရှိုင်းဝေယံလင်းကလည်း ကျောင်းတွင်းပြိုင်ပွဲတွေကတစ်ဆင့် နိုင်ငံ့ဂုဏ် ဆောင်ကစားသမားဖြစ်ဖို့အထိ ကြိုးစားသွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်အထက်တန်း ကျောင်းတချို့အနေနဲ့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နဲ့ပူးပေါင်းပြီး လူငယ်သိုင်းပြိုင်တွေ ကျင်းပနေတယ်လို့လည်း သိရပါတယ်။