အာဖရိကဖလားပွဲစဉ်တွေ ကစားနေရင်း ဒဏ်ရာရရှိခဲ့တဲ့ အီဂျစ်တိုက်စစ်မှူးဆာလက်ဟာ လီဗာပူးအသင်းရဲ့ ရှေ့လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲကို ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်တယ်လို့ လီဗာပူးအသင်းနည်းပြ ကလော့ပ်ကအတည်ပြုခဲ့ပါတယ်။
ဆာလက်ဟာ ဇန်နဝါရီ(၁၈)ရက်က ကစားခဲ့တဲ့ ဂါနာအသင်းနဲ့ တစ်ဖက် (၂)ဂိုးစီသရေကျခဲ့တဲ့ အာဖရိက ဖလားပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့ပြီးနောက် ဆေးကုသဖို့အတွက် လီဗာပူးအသင်းကို ပြန်လာခဲ့ရတာပါ။ ဆာလက်ဟာ အခုအချိန်မှာကြွက်သားနာကျင်မှုကို ခံစားနေရပေမယ့် ဒဏ်ရာကပြန်သက်သာလာဖို့အတွက် အလောတကြီးလုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ နည်းပြကလော့ပ်က ပြောခဲ့ပါတယ်။
ဆာလက်ဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၁၄)ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများ ဆုံးကစားသမားအဖြစ် မန်စီးတီးတိုက်စစ်မှူးဟာလန်းနဲ့အတူ ပူးတွဲရပ်တည်နေပါတယ်။ လီဗာပူး အသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်(၂၁)ပွဲကစားပြီးချိန်မှာ ရမှတ်(၄၈)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၁)နေရာမှာ ရပ်တည်နေပါတယ်။