ပိုလန်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့်လည်း လက်ရွေးစင်ကစားသမားအဖြစ်က အနားယူဖို့ ဆန္ဒမရှိကြောင်း ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးရဲ့ ပိုလန် အသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အုပ်စုပွဲစဉ်(၂)ပွဲလုံးကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ ပထမဆုံး အသင်းဖြစ်လာခဲ့တာပါ။
လီဝန်ဒေါစကီးဟာ ယူရိုပြိုင်ပွဲမစခင်မှာ ကစားခဲ့တဲ့ တူကီယဲအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် နယ်သာလန်နဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့သလို ဩစတြီးယားအသင်းနဲ့ ပွဲစဉ်မှာလည်း မိနစ်(၃၀)သာ ကစားခဲ့ရပါတယ်။
အခုပြိုင်ပွဲမှာ ဒဏ်ရာပြဿနာကြောင့် အသင်းအတွက် ကစားမပေးခဲ့ရတာက စိတ်ပျက်စရာကောင်းပေမယ့် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့တော့ စိတ်ကူးမရှိဘူးလို့ လီဝန်ဒေါစကီးက ပြောကြားခဲ့ပါတယ်။