(၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့တဲ့ အမေရိကန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ် ဖြစ်တဲ့ ဘိုလီးဗီးယားအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့အတွက် ပရိသတ်တွေက ပျော်ရွှင်နေခဲ့ကြပါတယ်။
အမေရိကန်အသင်းဟာ ဘိုလီးဗီးယားအသင်းကို ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပြီး (၂)ဂိုးပြတ် အနိုင်ရခဲ့တာပါ။
အမေရိကန်အတွက် ဂိုးတွေကို ပွဲအစ(၃)မိနစ်မှာတင် အသင်းခေါင်းဆောင် ပူလီစစ်က သွင်းယူပေးနိုင်ခဲ့သလို ပွဲချိန် (၄၄)မိနစ်မှာ ပူလီစစ်ရဲ့ပေးပို့မှုကတစ်ဆင့် ဘယ်လိုဂန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ် ဖြစ်သလို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ပျော်ရွှင်မိတယ်လို့ အမေရိကန်ပရိသတ်တွေက ဘိုလီးဗီးယားအသင်းနဲ့ ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ကြပါတယ်။ (၂၀၂၄) ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ အမေရိကန်အသင်း ဟာ ဥရုဂွေး၊ ပနားမား၊ ဘိုလီးဗီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။