ဂေါ့ဖ်အားကစားရဲ့ အဓိကပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့တဲ့ အမေရိကန်နိုင်ငံသား ဒီချမ်ဘီယူကို လစ်ဗ်ဂေါ့ဖ်စီးရီးက သူရဲကောင်းသဖွယ် ကြိုဆိုခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်ကနေ ၁၆ ရက်အထိ ကျင်းပခဲ့တဲ့ ယူအက်စ်အိုးပင်းဂေါ့ဖ်ပြိုင်ပွဲမှာ ဒီချမ်ဘီယူဟာ မြောက်အိုင်ယာလန်နိုင်ငံသား မက်အီရွိုင်းထက် ရိုက်ချက်တစ်ချက် လျှော့ရိုက်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒီချမ်ဘီယူဟာ ဇွန်လ ၁၉ ရက်နေ့က သူနေထိုင်ရာ နက်ရှ်ဗီလီမြို့ကို ပြန်ရောက်လာခဲ့ရာမှာ လစ်ဗ်ဂေါ့ဖ်စီးရီး ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြတာဖြစ်ပြီး အခုလို ကြိုဆိုခံရမှုအတွက် ဝမ်းသာမိတယ်လို့ ဒီချမ်ဘီယူက ပြောသွားခဲ့ပါတယ်။
အခုချန်ပီယံဆုဟာ အသက် ၃၀ အရွယ် ဒီချမ်ဘီယူအတွက် ကစားသမားဘဝ ဒုတိယမြောက် ယူအက်စ်အိုးပင်း ချန်ပီယံဆုဖြစ်ခဲ့သလို အခုပြိုင်ပွဲအပြီးမှာပဲ ကစားသမားဘဝ အမြင့်ဆုံးရပ်တည်မှုအဖြစ် ကမ္ဘာ့အဆင့် ၄ နေရာ မှာပါ ရပ်တည်သွားနိုင်ခဲ့ပါတယ်။
ဒီချမ်ဘီယူဟာ အခု ၂၀၂၄ အတွင်း ကျင်းပခဲ့တဲ့ ပီဂျီအေချန်ပီယံရှစ် ပြိုင်ပွဲမှာ လည်း ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။