အိမ်ခြေရာမဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲကို ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ ဇွန်လ(၁၇)ရက်နေ့က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို နိုင်ငံပေါင်း(၈)နိုင်ငံက ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းတွေကို ပြည်တွင်းက ကောက်ခံရရှိတဲ့ အလှူငွေတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က လမ်းဘေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခံစားနေရတဲ့လူတွေကို ဘောလုံးအားကစားနဲ့ ပျော်ရွှင်စေချင်တာကြောင့် ကျင်းပပေးတာဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး အတူပါဝင်တဲ့ (၄)ယောက်တွဲတစ်သင်းစီ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ပွဲကစားချိန်ကတော့ (၇)မိနစ် (၂)ပိုင်း ကစားရမှာဖြစ်ပါတယ်။
အခုနှစ်ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ လစ်သူယေးနီးယား၊ ပိုလန်၊ ရိုမေးနီးယားနဲ့ ဆွီဒင်နိုင်ငံက အသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။