အသင်းသမိုင်းတစ်လျှောက် ၁၈ ကြိမ်မြောက် NBA ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဘော်စတွန်ဆဲလ်တစ် အသင်း ပရိသတ်တွေဟာ ညလုံးပေါက် အောင်ပွဲခံခဲ့ကြပါတယ်။
အခုနှစ် NBA ဖိုင်နယ်ပွဲမှာ ဘော်စတွန်ဆဲလ်တစ် အသင်းဟာ ဒဲလက်စ်မားဗရစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်အပြီးမှာပဲ ဆဲလ်တစ်အသင်းက ၄ ပွဲ၊ ၁ ပွဲနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ချန်ပီယံဆုကို ၁၈ ကြိမ်မြောက် ရယူနိုင်ခဲ့ တဲ့အတွက် ဘော်စတွန်ဆဲလ်တစ်အသင်းဟာ ချန်ပီယံဆုကို ၁၇ ကြိမ်ရယူထားခဲ့တဲ့ အယ်လ်အေလိတ်ကာ အသင်းကို ကျော်ဖြတ်ပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ဆဲလ်တစ်အသင်း ပရိသတ်တွေဟာ ဘော်စတွန်မြို့တွင်းမှာ အောင်ပွဲခံသီချင်းတွေသီဆိုပြီး ညလုံးပေါက် လှည့်လည်အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ညလုံးပေါက်အောင်ပွဲခံမှုမှာ ပြဿနာတွေ မဖြစ်ပွားရအောင်လို့ ဘော်စတွန်ရဲတပ်ဖွဲ့ က လုံခြုံရေးရယူပေးထားခဲ့ပြီး ပြဿနာဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
NBA ဖိုင်နယ်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ဆဲလ်တစ်အသင်းကစားသမား ဂျေလန်ဘရောင်းက ရရှိသွားခဲ့ပါတယ်။