စပါးအသင်းရဲ့ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာဟာ အသင်းရဲ့တောင်ကိုရီးယားနိုင်ငံသား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်အပေါ် လူမျိုးရေးခွဲခြားတဲ့ စကားပြောခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်ကတစ်ဆင့် တောင်းပန်စကားပြောသွားခဲ့ပါတယ်။
ဘန်တန်ကာဟာ အခုလအစောပိုင်းကလုပ်ခဲ့တဲ့ ဥရုဂွေးတီဗီ အစီအစဉ်တစ်ခုရဲ့ အင်တာဗျူးမှာ ဆွန်ဟောင်မင်အပေါ် ဟာသအနေနဲ့ပြောခဲ့တာက တောင်ကိုရီးယား ပရိသတ်တွေအတွက် လူမျိုးရေးခွဲခြားသလို ဖြစ်သွားခဲ့ရတာပါ။
သူ့ရဲ့မှတ်ချက်ကြောင့်ပဲ တောင်ကိုရီးယား ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်လို့ အခုလို ပြန်တောင်းပန်ခဲ့တာဖြစ်ပါတယ်။
ဟာသအနေနဲ့ ပြောလိုက်မိတာက လူမျိုးရေးခွဲခြားသလိုဖြစ်သွားတာကြောင့် တောင်းပန်သလို ဆွန်ဟောင်မင်အပေါ် မလေးစားတဲ့လုပ်ရပ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူးလို့ ဘန်တန်ကာက သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်က တစ်ဆင့် တောင်းပန်သွားခဲ့ပါတယ်။