သူ့ရဲ့ကလပ်အသင်းသစ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အိုလံပစ်ပြိုင်ပွဲမှာ ဝင်ကစားခွင့် မပြုခဲ့တာကြောင့် ပြင်သစ် အိုလံပစ်အသင်းမှာ မပါဝင်ခဲ့တာဖြစ်တယ်လို့ တိုက်စစ်မှူး အမ်ဘာပေက ဖွင့်ဟသွားခဲ့ပါတယ်။
ပဲရစ်အိုလံပစ် ပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ကစားချင်တယ်လို့ အမ်ဘာပေက အစောပိုင်းမှာ ပြောကြားထားခဲ့ပေမယ့် ပြင်သစ်အိုလံပစ်အသင်းရဲ့ ဆန်ခါတင်လူစာရင်းကို ကြေညာချိန်မှာတော့ အမ်ဘာပေရဲ့နာမည်က ပါဝင်မလာခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ ယူရို ၂၀၂၄ မှာ ပါဝင်ကစားတဲ့ ကစားသမားတွေကို အိုလံပစ်မှာ ပါဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ အသိပေးခဲ့တာကြောင့် အခုလိုမျိုး အိုလံပစ်အသင်းမှာ မပါဝင်ခဲ့တာဖြစ်တယ်လို့ တိုက်စစ်မှူး အမ်ဘာပေက ပြောသွားခဲ့တာပါ။
အိုလံပစ်ပြိုင်ပွဲက ယူရို ၂၀၂၄ အပြီး ၁၀ ရက်အကြာမှာ စတင်မှာဖြစ်ပြီး လာမယ့်ရာသီ လာလီဂါပြိုင်ပွဲ မစတင်ခင် တစ်ပတ်အလို ဩဂုတ်လ ၉ ရက်နေ့မှ ပြီးဆုံးမှာဖြစ်ပါတယ်။
ကလပ်အသင်းဘက်က သဘောထားကိုနားလည်သလို အသင်းရဲ့ဆုံးဖြတ်ချက်ကိုလည်း လက်ခံတဲ့အတွက် အသင်းသစ်နဲ့ အစောဆုံး ပူးပေါင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ အမ်ဘာပေက ပြောသွားခဲ့ပါတယ်။