နိုင်ငံတကာ တင်းနစ်အေဂျင်စီက ချမှတ်ထားတဲ့ တစ်လပွဲပယ် ပြစ်ဒဏ်ကို ကမ္ဘာ့အဆင့်-၂ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဘက်က လက်ခံလိုက်ပြီလို့ နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဆွီယာတက်ခ် ဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ဆေးစစ်မှုမှာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဆွီယာတက်ခ်ဘက်က အိပ်ဆေးမှာ တားမြစ်ဆေးပါဝင်တာကို သတိမထားမိဘဲ သုံးစွဲခဲ့မိတာဖြစ်တယ်လို့ ဖြေရှင်း ချက် ပေးခဲ့ပေမယ့် နိုင်ငံတကာ တင်းနစ်အေဂျင်စီက ပြစ်ဒဏ်ကို အတည်ပြုခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် ဆွီယာတက်ခ်အနေနဲ့ ယာယီပွဲပယ်ပြစ်ဒဏ်အဖြစ် စက်တင်ဘာ ၁၂ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ကျခံခဲ့ရပြီး အဲဒီကာလအတွင်း ပြိုင်ပွဲ ၃ ခုနဲ့ လွဲချော်ခဲ့ရပါတယ်။
ဒါ့အပြင် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့အချိန်နဲ့ အနီးစပ်ဆုံးပြိုင်ပွဲဖြစ်တဲ့ စင်စင်နာတီအိုးပင်း ပြိုင်ပွဲမှာ သူရရှိမယ့် ဆုကြေးကိုလည်း ရုတ်သိမ်း ခံခဲ့ရပါတယ်။ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိချိန်မှာ ဆွီယာတက်ခ်က ကမ္ဘာ့အဆင့်-၁ နေရာမှာ ရှိနေ ပေမယ့် နောက်ပိုင်းမှာတော့ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန် ကာရဲ့ ကျော်တက်တာကို ခံရပြီး ကမ္ဘာ့အဆင့်-၂ နေရာကို ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။