ဇွန်လ ၁၄ ရက်နေ့က ပေါ်တူဂီအသင်းရဲ့လေ့ကျင့်ရေးကို ပရိသတ် ထောင်နဲ့ချီ လာရောက်ခဲ့ပြီး အများစုကတော့ ပေါ်တူဂီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒိုကို လာရောက်အားပေးကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံ ဂူတာစလော့မြို့မှာ အခြေစိုက်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ပေါ်တူဂီအသင်း လေ့ကျင့်ရေးကွင်းကို လာရောက်ကြည့်ရှုချင်တဲ့ပရိသတ်တွေ များပြားနေပြီး ကြည့်ရှုခွင့်ရတဲ့ လက်မှတ်တွေကို ပြန်လည်ရောင်းချမှုတွေ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
လေ့ကျင့်ခန်းဆင်းနေတုန်းမှာလည်း ပေါ်တူဂီအသင်းသားတွေဟာ ပေါ်တူဂီလို “ကျေးဇူးတင်ပါတယ် ဂျာမနီ”လို့ ရေးထားတဲ့ ဗီနိုင်းကို ကိုင်ဆောင်ခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ကြပါတယ်။
ပေါ်တူဂီအသင်းရဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေစဉ်အတွင်းမှာလည်း ပရိသတ်တစ်ယောက် ဟာ ကွင်းအတွင်းကို ချိုးဖောက်ဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုကို ဖက်ဖို့ ကြိုးစားခဲ့တဲ့အတွက် ကွင်းစောင့်တွေက ထိန်းသိမ်းခဲ့ရတဲ့ ဖြစ်ရပ်မျိုးလည်း ဖြစ်ပွားခဲ့ပါတယ်။
နည်းပြမာတီနက်ဇ်ရဲ့ ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၈ ရက်နေ့မှာ ချက်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။