လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရခဲ့တဲ့ ရီးရဲလ်ကွင်းလယ်လူ ကာမာဗင်ဂါဟာ ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရဖွယ် ရှိနေပါတယ်။ ပြင်သစ်လက်ရွေးစင် ကာမာဗင်ဂါဟာ ပွဲချိန် ၅၆ မိနစ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆီဘယ်လော့စ်နဲ့ လူးစားလဲလိုက်ရတာပါ။
ကာမာဗင်ဂါရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေး ချက်တွေအရ ဘယ်ဘက် ခြေသလုံးကြွက်သားဒဏ်ရာရခဲ့တာ ဖြစ်ပြီး ၂ ပတ်ကနေ ၃ ပတ်ခန့်အထိ အနားယူရ မယ်လို့ ရီးရဲလ်အသင်းဘက်က အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကာမာဗင်ဂါဟာ ရီးရဲလ်အသင်းရဲ့ လာလီဂါပွဲတွေဖြစ်တဲ့ ဂီတာဖေး၊ ဘီလ်ဘာအို၊ ဂျီရိုနာအသင်းတွေနဲ့ ပွဲတွေအပြင် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကစားရ မယ့် အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။
အခုလို ကာမာဗင်ဂါ ဒဏ်ရာရသွား ခဲ့တာကြောင့် ရီးရဲလ်အသင်းမှာ ဒဏ်ရာကြောင့်နားနေရတဲ့ ကစားသမားက လည်း ၇ ယောက်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့် ၃ ပတ်အတွင်းမှာပဲ ပွဲစဉ် ၇ ပွဲအထိ ကစားရဖို့ရှိနေသလို အသင်းရဲ့ အဓိက ကစား သမားအများစု ဒဏ်ရာရရှိနေတာကြောင့် နည်းပြ အန်ဆလော့တီ အနေနဲ့ အသုံးပြုမယ့် ကစားသမားစာရင်းကို ရွေးချယ်ရာမှာ အခက်အခဲတွေ ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။