ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းဟာ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကို နည်းပြသစ်အဖြစ် နိုဝင်ဘာလ (၂၈)ရက်က ခန့်အပ်ခဲ့ပါတယ်။ ကိုဗင်ထရီအသင်းဟာ အခုဘောလုံးရာသီမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရတာ ကြောင့် အသင်းရဲ့နည်းပြ မက်ရော်ဘင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ ကိုဗင်ထရီအသင်းဟာ အသက်(၄၆) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လမ်းပတ်ကို (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
နည်းပြလောကထဲကို ပြန်ဝင်လာဖို့ စိတ်အားထက်သန်နေတဲ့အတွက် ကိုဗင်ထရီအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာလို့ လမ်းပတ်က ပြောပါတယ်။ လမ်းပတ်ဟာ ကစားသမားဘဝမှာ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ ပေမယ့် နည်းပြဘဝမှာ အောင်မြင်မှုရဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း နည်းပြဘဝမှာ အောင်မြင် ချင်တဲ့အတွက် နည်းပြလောကထဲကို ပြန်ဝင်လာဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း လမ်းပတ်က ပြောကြားခဲ့ပါသေးတယ်။
ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေကိုရယူနိုင်ခဲ့တဲ့ လမ်းပတ်ဟာ နည်းပြဘဝ (၆)နှစ် တာအတွင်း (၅)ကြိမ်မြောက်အသင်းကို ကိုင်တွယ်သွားရမှာလည်း ဖြစ်ပါတယ်။ ကိုဗင်ထရီအသင်းဟာ အခုရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ (၁၇)ပွဲကစားထားပြီး ရမှတ်(၁၇)မှတ်သာ ရယူနိုင်ခဲ့ပါတယ်။