၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် မန်ချက်စတာမှာ ထိုးသတ်မယ့် ဝယ်လင်နဲ့ပွဲက ဗြိတိန်ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား ချီဆိုရာအတွက် ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ အသက် ၄၁ နှစ်အရွယ် ဝါရင့်လက်ဝှေ့သမား ချီဆိုရာဟာ ကစားသမားဘဝ ၄၈ ပွဲအထိ ထိုးသတ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇူလိုင်လက နောက်ဆုံး ထိုးသတ်ခဲ့တဲ့ပွဲမှာတော့ ဂျိုးဂျွိုက်စ်ကို အမှတ်နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာမြို့နဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ အများကြီးရှိသလို လာမယ့် ဖေဖော်ဝါရီ ၈ ရက် ညကလည်း ထူးခြားတဲ့ ညတစ်ည ဖြစ်လာဦးမှာပါလို့ ချီဆိုရာက ပြောပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ချီဆိုရာဟာ ၂၀၀၇ ခုနှစ်မှာ ပရို လက်ဝှေ့ကစားသမားဘဝ စတင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝမှာ ရှုံးပွဲ ၁၃ ပွဲသာ ကြုံတွေ့ခဲ့ တာ ဖြစ်ပါတယ်။
အဲဒီရှုံးပွဲတွေထဲမှာ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီကို ရှုံးတဲ့ပွဲ ၃ ပွဲနဲ့ ၂၀၁၂ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ယူကရိန်း နိုင်ငံသား ကလစ်ရှ်ကို, ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေ ပါဝင်ခဲ့တာပါ။ ချီဆိုရာဟာ ဝယ်လင်နဲ့ပွဲမစီစဉ်ခင်မှာ မီလာနဲ့ထိုးသတ်ဖို့ စီစဉ်ခဲ့သေးပေမယ့် ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့တာကြောင့် ပျက်သွားခဲ့ရပြီး ဝယ်လင်နဲ့ ပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဝယ်လင်ကတော့ ကစားသမားဘဝ ၂၇ ပွဲထိုးသတ်ခဲ့ရာမှာ ၂ ပွဲသာ ရှုံးပွဲရှိထားခဲ့တာ ဖြစ်ပါတယ်။