စာချုပ်သစ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုမှုတွေကြောင့် တိုက်စစ်မှူး ဆာလက်အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူးလို့ လီဗာပူးနည်းပြ စလော့က ကာကွယ်ပြောကြားလိုက်ပါတယ်။ ရာသီကုန်မှာ စာချုပ်ပြည့်တော့မှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ လီဗာပူးအသင်းဘက်က စာချုပ်သစ် မကမ်းလှမ်းသေးတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဆာလက်ဘက်က ပြောကြားခဲ့ပြီးနောက် ဝေဖန်တဲ့မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။
လီဗာပူးနည်းပြ စလော့ကတော့ ဝေဖန်တဲ့မှတ်ချက်တွေက ဆာလက်ကို ထိခိုက်စေနိုင်မှာမဟုတ်သလို အသင်းရဲ့ လူစာရင်းကို ကြည့်ရင်လည်း ဆာလက်က ဘယ်လောက်အရေးပါတယ်ဆိုတာကို သိပါလိမ့်မယ်ဆိုပြီး တိုက်စစ်မှူး ဆာလက်ဘက်က ကာကွယ်သွားခဲ့တာပါ။ အသက် ၃၂ နှစ်အရွယ် ဆာလက်ဟာ အခုရာသီမှာ လီဗာပူးအတွက် ဂိုးအများဆုံး သွင်းပေးထားသူဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။
လီဗာပူးအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အခုချိန်မှာ ကစားသမားတွေဟာ အသင်းရဲ့ ပွဲစဉ်တွေအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ နည်းပြ စလော့က ပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက မန်စီးတီး အသင်းကို ၈ မှတ်ဖြတ်ထားပြီး ထိပ်ဆုံးက ရပ်တည်နေတာဖြစ်ပါတယ်။