ဘရက်စ်အသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ သူ့ရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ်သွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဘရက်စ်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပွဲကစားချိန်(၁၀)မိနစ်နဲ့ မိနစ်(၉၀)တို့မှာ ဘာစီလိုနာအသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့တာပါ။
ပွဲကစားချိန်(၁၀)မိနစ်မှာကတည်းက လီဝန်ဒေါစကီးက သူ့ရဲ့ကစားသမားဘဝ အကြိမ်(၁၀၀)မြောက် ချန်ပီယံ လိဂ်သွင်းဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့တာပါ။ ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၁၀၀)ပြည့် မြောက်တဲ့ တတိယမြောက်ကစားသမားအဖြစ် မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ လီဝန်ဒေါစကီးက ရပ်တည်နိုင်ခဲ့ ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့တဲ့အတွက် ပျော်ရွှင်မိသလို မက်ဆီ၊ ရော်နယ်ဒိုတို့လိုမျိုး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ လီဝန်ဒေါစကီးက ပြောပါတယ်။ နည်းပြ ဟန်ဆီဖလစ် လက်ထက် မှာ ခြေစွမ်းပြနေခဲ့တဲ့ လီဝန်ဒေါစကီးဟာ အခုဘောလုံးရာသီမှာလည်း ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၂၂)ဂိုး သွင်းယူပေးထားပါတယ်။