Asean Cup 2024 ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အဖွင့်ပွဲစဉ် အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ဒီဇင်ဘာလ (၉)ရက် ညနေ(၅)နာရီအချိန်မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် သွားရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။
Asean Cup ပြိုင်ပွဲမှာ အသင်း(၅)သင်းစီ ပါဝင်တဲ့ အုပ်စု(၂)စုခွဲထားပြီး ပါဝင်ယှဉ်ပြိုင်မယ့်အသင်းတွေဟာ အုပ်စုပွဲ စဉ်လေးပွဲမှာ နှစ်ပွဲကို အိမ်ကွင်း၊ နှစ်ပွဲကိုအဝေးကွင်း ယှဉ်ပြိုင်ရမှာပါ။ မြန်မာအသင်းကတော့ အုပ်စု(B)မှာ ဗီယက် နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့ ကျရောက်နေပြီး အင်ဒိုနီးရှား၊ လာအိုအသင်းတွေနဲ့ပွဲစဉ်တွေကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတွေနဲ့ ပွဲစဉ်တွေကို အဝေးကွင်းမှာ သွားရောက်ယှဉ် ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း တာဝန်ယူကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ Asean Cup 2024 မတိုင်မီ အနီးစပ်ဆုံးအနေနဲ့ စင်ကာပူ၊ လက်ဘနွန်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ပြီး နှစ်ပွဲစလုံး ရှုံးနိမ့်ထား ပါတယ်။ photo- MFF