နည်းပြမာတီနိုနဲ့ လမ်းခွဲပြီးနောက် နည်းပြလက်မဲ့ဖြစ်နေခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းနဲ့ မာတီနိုတို့ ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကမှ လမ်းခွဲခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ မာရှေယာနိုဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဘာစီလို နာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့မှာ ကစားခဲ့ဖူးပါတယ်။ မာရှေယာနိုဟာ အင်တာမိုင်ယာမီအသင်းခေါင်း ဆောင် မက်ဆီနဲ့ အတူတွဲကစားခဲ့ဖူးသလို ဆက်ဆံရေးကောင်းတွေရှိတာကြောင့် အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ အင်တာမိုင်ယာမီအသင်းက ယုံကြည်ထားပါတယ်။
အင်တာမိုင်ယာမီအသင်းကို ကိုင်တွယ်ရမယ်ဆိုတာက ဂုဏ်ယူစရာဖြစ်တယ်လို့လည်း နည်းပြသစ်မာရှေယာနိုက အသင်းနဲ့စာချုပ်ချုပ်ဆိုအပြီးမှာ ပြောကြားသွားပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ လာမယ့်(၂၀၂၅)ခုနှစ်မှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကစားရမှာဖြစ်တာကြောင့် မာရှေယာနိုအနေနဲ့ ရလဒ်ကောင်းတွေရအောင် လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။