ဒီဇင်ဘာလထဲမှာ ယှဉ်ပြိုင်ကစားမယ့် ဟီးရိုး ကမ္ဘာ့ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲကို ဝင်မပြိုင်နိုင်တဲ့အတွက် စိတ်ပျက်မိ တယ်လို့ အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်က ပြောကြားခဲ့ပါတယ်။ မေဂျာဆုဖလား ၁၅ ကြိမ်အထိ ရရှိထားတဲ့ ကမ္ဘာ့အဆင့်-၁ ဟောင်း တိုက်ဂါးဝုဒ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အခုနှစ်ပိုင်းအတွင်း ပြိုင်ပွဲတွေနဲ့ လွဲချော် နေခဲ့ရတာပါ။
ဒါပေမဲ့ သူကိုယ်တိုင် ဦးဆောင်ကျင်းပတဲ့ ဟီးရိုးပြိုင်ပွဲကိုတော့ ဝင်ပြိုင်နိုင်ဖို့ မျှော်လင့်ထားခဲ့ပြီး လေ့ကျင့်ပြင် ဆင်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် တိုက်ဂါးဝုဒ်က ဟီးရိုးပြိုင်ပွဲကို ဘာ့ကြောင့် လွဲချော်ရသလဲဆိုတာကို တရားဝင်ပြောကြားတာမျိုး မရှိပေမယ့် အခုပြိုင်ပွဲကို လွဲချော်ရတဲ့အတွက် စိတ်ပျက် ရတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
တိုက်ဂါးဝုဒ်ဟာ အခုနှစ် ဇူလိုင်လမှာ ယှဉ်ပြိုင်ခဲ့တဲ့ The Open (သည်အိုးပင်း) ပြိုင်ပွဲနောက်ပိုင်း ပြိုင်ပွဲတွေနဲ့ လွဲချော်နေခဲ့ရသလို ပြီးခဲ့တဲ့ စက်တင်ဘာလက နောက်ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့နှစ် ဟီးရိုး ကမ္ဘာ့ချဲလင့် ပြိုင်ပွဲတုန်းက တိုက်ဂါးဝုဒ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အဆင့်-၁၈ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ ဟီးရိုးပြိုင်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်နိုင်ပေမဲ့ လာမယ့် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကိုတော့ မျှော်လင့်ထားတယ်လို့ တိုက်ဂါးဝုဒ်က ပြောကြားထားပါတယ်။