မန်စီးတီးအသင်းဟာ နည်းပြဂွာဒီယိုလာကို (၂၀၂၇)ခုနှစ်အထိသက်တမ်းရှိတဲ့ (၂)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို နိုင်ခဲ့ပြီလို့ နိုဝင်ဘာလ(၂၁)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ် သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် မန်စီးတီးအသင်းက စာချုပ်သစ် ချုပ်ဖို့ လုပ်ဆောင်ခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို (၂၀၁၆)ခုနှစ်မှာကတည်းက ရောက်လာခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေရရှိ အောင် လုပ်ဆောင်ပေးနိုင်ခဲ့သူပါ။ အခုအချိန်မှာ အသင်းရဲ့ရလဒ်တွေက ဆိုးရွားနေခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ဆက်ဆံရေးတွေကြောင့် အသင်းမှာဆက်နေဖို့အတွက် ဆုံးဖြတ်ခဲ့တာြဖစ်တယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောပါ တယ်။
မန်စီးတီးအသင်းနဲ့ နောက်ထပ်(၂)နှစ် ဖြတ်သန်းရဦးမှာဖြစ်လို့ အသင်းနဲ့အတူ ဆုဖလားတွေကိုလည်း ရယူပေး သွားမယ်လို့ နည်းပြဂွာဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြဘဝ (၈)နှစ်တာကာလ အတွင်း အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလားစုစုပေါင်း(၁၈)လုံးအထိ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။