ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ကစားသမားဟောင်း မာတာဟာ မေဂျာလိဂ်ကလပ် ဆန်ဒီယေဂို အသင်း ရဲ့ ရှယ်ယာတချို့ကို ဝယ်ယူခဲ့ပြီးနောက် အသင်းရဲ့ပိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မာတာဟာ အခုအချိန်မှာ ကစားသမားဘဝကနေ အနားမယူသေးပေမယ့် မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းရဲ့ ရှယ်ယာ တချို့ကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆန်ဒီယေဂိုအသင်းဟာ (၂၀၂၃)ခုနှစ်မှာမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လာမယ့်(၂၀၂၅)ခုနှစ် ဘောလုံးရာသီမှာ မေဂျာလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ အသက်(၃၆)နှစ်အရွယ် မာတာဟာ အခုလက် ရှိမှာ ဩစတြေးလျ(အေ)လိဂ်ကလပ် ဝက်စတန် ဆစ်ဒနေ (Western Sydney)အသင်းမှာ ကစားနေတာပါ။
ဆန်ဒီယေဂိုအသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာခဲ့တာကြောင့် မာတာ ဟာ အနားမယူရသေးဘဲ ဘောလုံးကစားနေပြီး အသင်းပိုင်ရှင်ဖြစ်လာခဲ့တဲ့ မေဂျာလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ဆန်ဒီယေဂိုအသင်းရဲ့ ပိုင်ရှင်ဖြစ်သူတွေနဲ့ ပူးပေါင်းနိုင်ခဲ့တာက ဂုဏ်ယူ ဖို့ကောင်းသလို အသင်းကိုလည်း အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့ မာတာက ပြောကြားခဲ့ ပါတယ်။