ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ နည်းပြဂွာဒီယိုလာကို စာချုပ်သစ်ချုပ်ဖို့အတွက် သဘောတူညီမှုရခဲ့ ပြီဖြစ်ပါတယ်။ ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် မန်စီးတီးအသင်းက စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင်ခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို (၂၀၁၆)ခုနှစ်မှာကတည်းက ရောက်လာခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ပေးခဲ့တာဖြစ်ပါ တယ်။ အခုဘောလုံးရာသီအစမှာ စာချုပ်သစ်ချုပ်ဖို့ အခက်တွေ့နေခဲ့တဲ့ ဂွာဒီယိုလာကို အသင်းကနေ ရာသီကုန် မှာ ထွက်ခွာမယ်လို့ ထင်ခဲ့ကြပေမယ့် မန်စီးတီးအသင်းအနေနဲ့ (၁)နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။
စာချုပ်ပါအချက်အလက်အရ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းမှာ (၂၀၂၆)ခုနှစ်အထိ ရှိနေဦးမှာဖြစ်သလို (၂၀၂၇) ခုနှစ်အထိ နောက်ထပ်(၁)နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီး နည်းပြဘဝ (၈)နှစ်တာကာလအတွင်း အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလားစုစုပေါင်း (၁၈)လုံးအထိ ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။