ဒူးဒဏ်ရာရခဲ့တာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ အခုအချိန်မှာတော့ ပထမဆုံးအကြိမ်အဖြစ် အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။
နေမာဟာ အယ်လ်အိန်းအသင်းနဲ့ ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲကစားချိန် (၇၇)မိနစ်မှာ တောင်ပံကစားသမား အယ်လ်ဒေါ်ဆာရီရဲ့နေရာမှာ လူစားလဲဝင်ရောက်ကစားခဲ့တာပါ။
နေမာအနေနဲ့ အသင်းနဲ့အတူ မကစားရတာ ကြာခဲ့ပြီဖြစ်သလို ရာသီ ကြိုခြေစမ်းပွဲစဉ်တွေမှာလည်း ပါဝင်ခွင့်မရခဲ့တဲ့အတွက် ကစားရခက်ခဲခဲ့တယ်ဆိုပေမယ့် အခုလိုမျိုး အသင်း အတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့အပေါ် ဝမ်းသာမိတယ်လို့ အယ်ဟီလယ်နည်းပြ ဂျော့ချ်ဂျီးဆပ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အယ်ဟီလယ်အသင်းဟာ အယ်လ်အိန်းအသင်းနဲ့ ပွဲစဉ်မှာ အကြိတ်အနယ် ကစားခဲ့ရပြီး (၅)ဂိုး၊ (၄)ဂိုးနဲ့ အနိုင်ခဲ့ရတာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် အယ်ဟီလယ်အသင်းဟာ အာရှချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)ပွဲ ကစားပြီးချိန်မှာ (၃)ပွဲလုံးကို အနိုင်ရခဲ့တဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။