ဘယ်လ်ဂျီယံနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂလိုဘယ်ကျွမ်းဘားပြိုင်ပွဲမှာ ရလဒ်ကောင်းရယူနိုင်ခဲ့ပြီးနောက် အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့အတွက် အရည်အချင်းအောင်မြင်ခဲ့တာကြောင့်ပျော်ရွှင်မိတယ်လို့ အင်ဒိုနီးရှားကျွမ်းဘားမယ် ရစ်ဖ်ဒါက ပြောကြားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ရစ်ဖ်ဒါဟာ အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အင်ဒိုနီးရှား ကျွမ်းဘားအားကစားမယ်လည်း ဖြစ်လာခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရဖို့ကို ၂၀၁၅ ခုနှစ်ကတည်းက ကြိုးစားနေခဲ့တာဖြစ်ပြီး ၂၀၂၄ မှာတော့ အိပ်မက်က ပြည့်ဝလာခဲ့တယ်လို့လည်း ရစ်ဖ်ဒါက ပြောကြားလိုက်ပါတယ်။
ဘယ်လ်ဂျီယံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဒဏ်ရာရခဲ့ပေမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုကိုတော့ ထိခိုက်စေမှာမဟုတ်ဘူးလို့ ဂလိုဘယ် ပြိုင်ပွဲမှာ အဆင့် ၅၂ ရခဲ့တဲ့ ရစ်ဖ်ဒါက ပြောပါတယ်။
ရစ်ဖ်ဒါဟာ အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် နည်းပြဖြစ်သူ ပရော်ဖက်ရှင်နယ်ကျွမ်းဘားမယ် ဟောင်း အီဗာနဲ့အတူ ကာလရှည် လေ့ကျင့်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မှာရှိတဲ့ လေ့ကျင့်ခန်းမမှာ ပြင်ဆင် လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။