စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့အဓိကနောက်ခံလူ ကာဗာဂျယ်ကို (၂၀၂၆)ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိတဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ အောက်တိုဘာလ(၆)ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
ကာဗာဂျယ်ဟာ ပြီးခဲ့တဲ့ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်ထိ အနားယူရတော့မှာဖြစ်ပေမယ့်လည်းရီးရဲလ်အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ ကာဗာဂျယ်ဟာ ဗီလာရီးရဲလ်အသင်းကို (၂)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာပြိုင်ဘက်ကွင်းလယ်သူ ပီနိုနဲ့ထိခိုက်မိခဲ့တာဖြစ်ပြီး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ကာဗာဂျယ်ဟာ ဒဏ်ရာကြောင့် ရာသီကုန်ထိအနားယူရတော့မယ်လို့သိရပါတယ်။ စာချုပ်သစ်ကိစ္စအတွက် ရီးရဲလ်အသင်းဟာကာဗာဂျယ်နဲ့ ပြီးခဲ့တဲ့လတွေကတည်းက ဆွေးနွေးနေခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဒဏ်ရာရသွားခဲ့ပေမယ့်လည်း စီစဉ်ထားတဲ့အတိုင်း စာချုပ်သစ်ကိုချုပ်ဆိုခဲ့တာလို့ ရီးရဲလ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အသက်(၃၂)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကာဗာဂျယ်ဟာ ရီးရဲလ်အသင်းရဲ့ အကယ်ဒမီကနေပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို အသင်းအတွက်ပြိုင်ပွဲစုံ(၄၇၂)ပွဲအထိ ကစားပေးထားသူတစ်ယောက်လည်းဖြစ်ပါတယ်။