စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို မန်ယူ အသင်းက အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့တယ်လို့ အောက်တိုဘာလ(၁)ရက်နေ့မှာ ဖော်ပြခဲ့တဲ့သတင်းတွေအရ သိရပါတယ်။
ဘရူနိုဟာ စပါးအသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန်(၄၂)မိနစ်မှာ ပြိုင်ဘက်ကွင်းလယ်လူ မက်ဒီဆင်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့တာပါ။
ဘရူနိုကတော့ သူ့ရဲ့ပြစ်ဒဏ်က အနီကတ်မဟုတ်ကြောင်း ပွဲအပြီးမှာပြောကြားခဲ့သလို မန်ယူအသင်းကလည်း ဘရူနိုရဲ့အနီကတ်ကို အယူခံဝင်ခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာ မန်ယူအသင်းရဲ့ အနီကတ်ပြစ်ဒဏ်အပေါ် အယူခံဝင်မှုက အောင်မြင်ခဲ့သလို ဘရူနိုဟာလည်း (၃)ပွဲပယ်ပြစ်ဒဏ် ကျခံရမှာကနေ လွတ်ကင်းခဲ့ရပြီ ဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ကလည်း ဘရူနိုရဲ့အနီကတ် ပြသခံရမှုမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က မှားယွင်းခဲ့တာ ဖြစ်တာကြောင့် ပရိသတ်တွေအပေါ် တရားဝင် တောင်းပန်သွားခဲ့ပါတယ်။
မန်ယူအသင်းဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပွဲအစ(၃)မိနစ်မှာတင် ဦးဆောင်ဂိုးပေးခဲ့ရသလို အနီကတ်ထိခဲ့တာကြောင့်လည်း ပွဲအပြီးမှာ (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။