ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် စက်ဘီးစီးပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် စလိုဗေးနီးယားနိုင်ငံ သား ပိုဂါကာဟာ မှတ်တမ်းကောင်းစံချိန်တစ်ခုကို ရယူသွားနိုင်ခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ပိုဂါကာဟာ စက်တင်ဘာ ၂၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ အိုလံပစ်ချန်ပီယံ ဘယ်လ်ဂျီယံနိုင်ငံသား ဗီနီပိုအယ်၊ ကမ္ဘာ့ ချန်ပီယံရှစ် လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဗန်ဒါပိုအယ်တို့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါ တယ်။
၂၇၃ ဒသမ ၉ ကီလိုမီတာပြိုင်လမ်းကြောင်းရဲ့အစပိုင်းမှာ ပြိုင်ပွဲဝင် အချင်းချင်း သိပ်မကွာခဲ့ပေမယ့် ကီလိုမီတာ ၁၀၀ လောက်သာ ကျန်တော့ချိန်မှာတော့ ပိုဂါကာက ပြိုင်ဘက်တွေကို ဖြတ်ထားနိုင်ခဲ့ပြီး ရှေ့ဆုံး ကနေ ဦးဆောင်လာနိုင်ခဲ့တာပါ။
ဒါ့ကြောင့်လည်း ပိုဂါကာဟာ ပြိုင်ဘက်တွေကို နောက်မှာ ချန်ထားခဲ့နိုင်ဖို့ ပိုမိုအားစိုက်လာခဲ့ပြီး ၆ နာရီ ၂၇ မိနစ် ၃၀ စက္ကန့်နဲ့ ထိပ်ဆုံးကနေ ပန်းဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။
ဩစတြေးလျ နိုင်ငံသား အိုကွန်နာက ၃၄ စက္ကန့်အကွာနဲ့ ဒုတိယရခဲ့ပြီး နယ်သာလန် နိုင်ငံသား ဗန်ဒါပိုအယ်ကတော့ တတိယ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
အခုလို ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရခဲ့တဲ့အတွက် ပိုဂါကာဟာ တိုးဒီဖရန့်၊ ဂီရိုဒီအီတာလီယာနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။