ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ ကွင်းတွင်း အပြုအမူတွေကြောင့် ပွဲချိန်အတွင်း အခက်တွေ့ခဲ့ရသလို ဒီလိုဖြစ်လာဖို့အတွက် ပရိသတ်တွေကို လှုံ့ဆော်ခဲ့ကြတဲ့ ကစားသမားတွေကိုလည်း အရေးယူသင့်တယ်လို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ပြောပါတယ်။
အက်သလက်တီကိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ပွဲချိန်အတွင်း အကြိတ်အနယ်ရှိခဲ့ကြသလို ပရိသတ်တွေကလည်း ကွင်းအတွင်းကို မီးရှူးမီးပန်းအပါအဝင် ပစ္စည်း တွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
ဒီအဖြစ်အပျက်ကြောင့် ပွဲချိန်ကို ခဏတာရပ်နားခဲ့ရသလို ပွဲရပ်နားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီးကိုလည်း ဆီမြွန်နီက အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
ပွဲချိန်အတွင်း ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ ပရိသတ်တွေကို အရေးယူသင့်သလို ပရိသတ်တွေအပြင် အခုလိုဖြစ်လာအောင် လှုံ့ဆော်ခဲ့ကြတဲ့ ကစားသမားတွေကိုလည်း အရေးယူသင့်တယ်လို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဆက်လက်ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ အခုပွဲစဉ်မှာ တစ်ဖက်(၁)ဂိုးစီသရေ ကျခဲ့တာဖြစ်ပြီး နှစ်ဖက်အသင်းရဲ့ပြိုင်ဆိုင်မှုတွေကြောင့် ကြည့်ကောင်းတဲ့ပွဲစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။