ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ဂျက်ဆန်ကို (၂၀၃၃)ခုနှစ်အထိသက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ စက်တင်ဘာလ(၁၃)ရက်နေ့က တရားဝင်ကြေညာသွားပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ဂျက်ဆန်ရဲ့ စာချုပ်သက်တမ်းက (၂၀၃၁)ခုနှစ်အထိရှိနေပေမယ့်လည်း (၂)နှစ်သက်တမ်းတိုးစာချုပ်ကို ထပ်မံချုပ်ဆိုခဲ့ကြတာပါ။
ဂျက်ဆန်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းကို ဗီလာရီးရဲလ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၃၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂျက်ဆန်က ချယ်လ်ဆီးအသင်းအတွက် (၁၄)ဂိုးထိသွင်းယူပေးနိုင်ခဲ့သလို အခုဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ (၄)ပွဲကစားပြီးချိန်မှာ (၂)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
အသင်းမှာကစားရတာကို ပျော်ရွှင်နေတဲ့အတွက် အခုလိုစာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်က အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။