စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ဟာ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးအေတီပီတိုး ချန်ပီယံဆုအဖြစ် ရော့တာဒမ် အိုးပင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၃ မှာရပ်တည်နေတဲ့ အယ်ကာရက်ဇ်ဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဩစတြေးလျနိုင်ငံသား ဒီမီနောနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန် ၁ နာရီနဲ့ ၅၃ မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက် အယ်ကာရက်ဇ်က (၆း၄၊၃း၆၊၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကစားသမားဘဝ ၁၇ ခုမြောက် အေတီပီတိုးချန်ပီယံဆုကို သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရော့တာဒမ်အိုးပင်းချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး စပိန်တင်းနစ်သမားလည်း ဖြစ်ခဲ့ပါတယ်။ အယ်ကာရက်ဇ်ဟာ အခုပြိုင်ပွဲမှာ ဆီဒင်အဆင့်-၁ ရထားသူဖြစ်သလို ဗိုလ်လုပွဲကိုလည်း အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာပါ။ ဒါ့ကြောင့်လည်း အပြန်အလှန် ရိုက်ချက်တွေမှာ အယ်ကာရက်ဇ် အသာစီးရခဲ့ပြီး အမှတ်တွေရယူနိုင်ခဲ့ပါတယ်။

အယ်ကာရက်ဇ်ဟာ ဆီမီးဖိုင်နယ် ပွဲမှာ ပိုလန်တင်းနစ်သမား ဟာကက်ဇ်ကို အကြိတ်အနယ်ကစားပြီး ကျော်ဖြတ်ခဲ့ရပေမယ့် အခုဗိုလ်လုပွဲအဆင့် မှာတော့ ဒီမီနောကို အသာအယာပဲ ကျော်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် ပထမဆုံးချန်ပီယံ ဆုကို ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ရသလို နောက်ထပ်ဆုဖလားတွေ ရယူနိုင်ဖို့ကိုလည်း မျှော်လင့်ထာတယ်လို့ ပွဲအပြီးမှာ အယ်ကာရက်ဇ်က ပြောသွားခဲ့ပါတယ်။