ဩစတြေးလျအိုးပင်းချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပြီး လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး တင်းနစ်သမား ဆိုတာကို အီတလီတင်းနစ်သမား ဆင်နာက သက်သေပြခဲ့ပါတယ်။ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဆီဒင် အဆင့်-၁ ရထားခဲ့တဲ့ ဆင်နာဟာ ဗိုလ်လုပွဲမှာ ဂျာမနီနိုင်ငံသား ဗီရက်ဗ်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/vlcsnap-2025-01-27-14h47m35s504-1024x576.jpg)
ပြိုင်ပွဲ မတိုင်ခင် တားမြစ်ဆေးပြဿနာကြောင့် စိတ်ရှုပ်ထွေးစရာတွေဖြစ်ခဲ့ပေမယ့် ဆင်နာဟာ သူ့ရဲ့အကောင်းဆုံး ပုံစံကို အခုပြိုင်ပွဲမှာ ပြသသွားနိုင်ခဲ့ပါတယ်။ ဆင်နာဟာ အခုပြိုင်ပွဲတစ်လျှောက် ဒုတိယအဆင့်နဲ့ စတုတ္ထအဆင့် ပွဲတွေမှာသာ ပွဲလတ် တစ်ပွဲစီ ရှုံးနိမ့်ခဲ့ရပြီး ဗိုလ်လုပွဲအပါအဝင် ကျန်တဲ့အဆင့်တွေမှာတော့ ပြိုင်ဘက်တွေကို ၃ ပွဲပြတ်တွေနဲ့ အနိုင်ယူပြခဲ့ပါတယ်။ ဗီရက်ဗ်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း ဆင်နာက ပွဲကစားချိန် ၂ နာရီနဲ့ ၄၂ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် (၆း၃၊၇း၆၊၆း၃)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/vlcsnap-2025-01-27-14h47m40s499-1024x576.jpg)
အခုနှစ် ဩစတြေးလျ အိုးပင်းပြိုင်ပွဲက သူ့အတွက် မယုံနိုင်စရာကောင်းတဲ့ ပြိုင်ပွဲဖြစ်ခဲ့သလို အခုပြိုင်ပွဲလက်စွမ်းကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပွဲအပြီးမှာ ဆင်နာက ပြောသွားခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဆင်နာဟာ ဂရင်းစလမ်ချန်ပီယံဆု ၃ ကြိမ်ရတဲ့ ပထမဆုံးအီတလီနိုင်ငံသားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။