ကာတာနိုင်ငံမှာ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ကျင်းပပြုလုပ်တဲ့ ONE-171 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ အောင်လ အန်ဆန်နဲ့ တူကီယဲနိုင်ငံသား ရှာမေးလ် အာဒိုဂန်တို့ မကျေပွဲထိုးသတ်ရာမှာ အာဒိုဂန်က အောင်လအန်ဆန်ကို ပထမအချီမှာပဲ အလဲထိုး အနိုင်ရသွားခဲ့ပါတယ်။

ပထမအချီ ပွဲစချင်း အောင်လအန်ဆန်က အာဒိုဂန်ကို အတင်း ဝင်ရောက် ထိုးသတ်ခဲ့ပေမယ့် အရပ်အမောင်း ကွာဟချက်ကြောင့် ထိရောက်မှု မရှိခဲ့ပါဘူး။ အဲဒီနောက် အာဒိုဂန် က အောင်လအန်ဆန်ကို ခြေကန်ချက်နဲ့ လှဲသိပ်နိုင်ခဲ့တာကြောင့် ပထမအချီ ပွဲချိန် ၂၈ စက္ကန့်မှာပဲ အလဲထိုး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ONE-168 ပြိုင်ပွဲမှာ အောင်လအန်ဆန် က အာဒိုဂန်ကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့သလို အခုတစ်ကြိမ်မှာလည်း ရှုံးကြွေး မဆပ်နိုင်ဘဲ ထပ်မံ ရှုံးနိမ့် ခဲ့ရတာ ဖြစ်ပါတယ်။မြန်မာစပါးအုံးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ပရော် ဖက်ရှင်နယ် MMA ကစားသမားဘဝ ၄၆ ပွဲ ထိုးသတ်ခဲ့ရာ ပွဲ ၃၀ နိုင်၊ ၁၅ ပွဲ ရှုံးနိမ့်ခဲ့ပြီး တစ်ပွဲကိုတော့ အရှုံးအနိုင် သတ်မှတ် ထားတာ မရှိဘူးလို့ သိရပါတယ်၊၊