ငယ်စဉ်က အိပ်မက်မက်ခဲ့တာထက် ပိုမိုအောင်မြင်တဲ့ ကစားသမားဘဝကိုရခဲ့တယ်လို့ စပိန်တင်းနစ်သမား နာဒယ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် နာဒယ်ဟာ ၂၃ နှစ်တာ ဖြတ်သန်းခဲ့တဲ့ ကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် စပိန်အသင်းနဲ့အတူ ဒေးဗစ် ဖလားကို ဝင်ပြိုင်ရာမှာတော့ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတာပါ။
နာဒယ်ဟာ ဒေးဗစ်ဖလား ကွာတားဖိုင်နယ်အဖြစ် နယ်သာလန်အသင်းနဲ့ ကစားခဲ့တဲ့ တစ်ဦးချင်းပွဲစဉ်မှာ နယ်သာ လန်တင်းနစ်သမား ဇန်ရှပ်ကို ရှုံးနိမ့်ခဲ့သလို ပွဲစဉ်တွေအားလုံး ယှဉ်ပြိုင်အပြီးမှာ နယ်သာလန်အသင်းက ၂ ပွဲ- ၁ ပွဲ ဆိုတဲ့ရလဒ်နဲ့ စပိန်အသင်းကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး နောက် နာဒယ်က လူငယ်တွေရဲ့အမြင်မှာ သူ့ကိုအိပ်မက်တွေ အပြည့်အဝဖန်တီးနိုင်ခဲ့တဲ့ လူတစ်ယောက်အဖြစ် မြင်စေချင်တယ်လို့ ပြောသွားခဲ့ပါတယ်။
ဘဝမှာ အသက်ရှင်နေထိုင်ခွင့်ရတဲ့အတွက် ကံကောင်းသလို တင်းနစ်ကြောင့် ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရ တွေကိုရရှိခဲ့ပါတယ်လို့လည်း နာဒယ်က ပြောသွားခဲ့ပါတယ်။ ကစားသမားဘဝကနေ နာဒယ်အနားယူသွားတဲ့ သတင်းကို မာကာအပါအဝင် စပိန်နာမည်ကြီး သတင်းစာတွေကလည်း ဂုဏ်ပြုဖော်ပြခဲ့ကြပါတယ်။