အာဂျင်တီးနားနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီဟာ အခုအချိန်မှာ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်နေပေမယ့်လည်း လာမယ့်အောက်တိုဘာလအတွင်း ကစားမယ့်ပွဲစဉ်တွေမှာ ပြန်ကစားနိုင်ဖို့အတွက် မျှော်လင့်မိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
အသက်(၃၇)နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ကိုလံဘီယာအသင်းနဲ့ကစားခဲ့တဲ့ ပြီးခဲ့တဲ့(၂၀၂၄) ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တာပါ။
မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့် ကိုပါအမေရိကဖလားဗိုလ်လုပွဲပြီးကတည်းက အနားယူနေရပြီး အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့သလို အခုအချိန်မှာလည်း စက်တင်ဘာလ အတွင်းကစားမယ့် (၂၀၂၆)ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ မက်ဆီ မပါဝင်နိုင်တာကို တွေ့ခဲ့ရပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ပွဲစဉ်တွေမှာ မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့်အောက်တိုဘာလအတွင်း ကစားမယ့်ပွဲစဉ်တွေမှာ ပါဝင်လာနိုင်ဖို့အတွက် မျှော်လင့်မိတယ်လို့ နည်းပြစကာလိုနီက ပြောကြားခဲ့ပါတယ်။