ကြွက်သားဒဏ်ရာကြောင့် စပိန်အသင်းရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး မိုရာတာဟာ အေစီလန်အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ ဗီနီဇီယာအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်လာဖွယ် ရှိနေပါတယ်။
မိုရာတာဟာ အခုနွေရာသီမှာ အက်သလက်တီကိုအသင်းကနေ အေစီမီလန်အသင်းကို ပြောင်းရွှေ့ လာခဲ့ပြီးနောက် တိုရီနိုအသင်းနဲ့ပွဲစဉ်မှာ အေစီမီလန်အတွက် ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်ကာလကတော့ မိုရာတာဟာ ကြွက်သားဒဏ်ရာရနေခဲ့လို့ စပိန်အသင်းလူစာရင်းကနေ ချန်လှပ် ထားခံခဲ့ရပါတယ်။
ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ မိုရာတာဟာ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အေစီမီလန်အသင်းလေ့ကျင့်ရေးမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် စက်တင် ဘာ ၁၄ ရက်နေ့မှာ ကစားမယ့် ဗီနီဇီယာအသင်းနဲ့ စီးရီအေပွဲအတွက် လူစာရင်းမှာ တိုက်စစ်မှူး မိုရာတာ ပါဝင် လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြပြီး မိုရာတာရဲ့ ကြံ့ခိုင်မှုအခြေအနေ ကောင်းမယ်ဆိုရင် ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
မိုရာတာဟာ တိုရီနိုအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ လူစားဝင်ကစား ခွင့်ရခဲ့ပြီးနောက် အသင်းအတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။