အခုဘောလုံးရာသီမှာ အက်သလက်တီကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်တိုက်စစ်မှူး မိုရာတာဟာ အေစီမီလန်အသင်းဖော်တွေနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ မိုရာတာကို ခေါ်ယူဖို့အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင်(၁၁)သန်း ပေးချေခဲ့ရတာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
မိုရာတာဟာ ပြီးခဲ့တဲ့ယူရို(၂၀၂၄)ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ဖလားရခဲ့ပြီးနောက် နားရက်ယူနေခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်း စဆင်းနေခဲ့တာဖြစ်ပါတယ်။
စပိန် တိုက်စစ်မှူး မိုရာတာနဲ့အတူ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရခဲ့တဲ့ နောက်ခံလူသစ် ပတ်ဗလိုဗစ် ကလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေခဲ့တာကို တွေ့ခဲ့ရပါသေးတယ်။
ကစားသမားဘဝမှာ ရီးရဲလ်၊ ဂျူဗင်တပ်၊ ချယ်လ်ဆီးနဲ့ အက်သလက်တီကိုအသင်းတို့မှာ ကစားခဲ့ဖူးတာကြောင့် အေစီမီလန်အသင်းအတွက် မိုရာတာဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ အသင်းပရိသတ်တွေက မျှော်လင့်နေပါတယ်။