ဗြိတိန်လက်ဝှေ့သမား ဒူဘော့စ်ဟာ အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ရေးအတွက် ယူကရိန်း နိုင်ငံသား အူဆက်ခ်နဲ့ထိုးသတ်ဖို စကားပြောဆိုမှုတွေပြုလုပ်နေပြီလို သိရပါတယ်။IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဒူဘော့စ်ဟာ နယူးဇီလန်နိုင်ငံသား ပါကားနဲ့ ဖေဖော်ဝါရီလထဲ ထိုးသတ်ရမယ့် ချန်ပီယံဆုကာကွယ်ပွဲ ပျက်သွားခဲ့ပြီးနောက် ပါကားနဲ့ပွဲကို ပြန်စီစဉ်ဖို ဆန္ဒမရှိဘဲ အူဆက်ခ်နဲ့ထိုးသတ်ဖိုကိုသာ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံသား အူဆက်ခ်ကတော့ ပါကားပိုင်ဆိုင်ထားတဲ့ IBF ချန်ပီယံဆုကလွဲလို ကျန်တဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သတင်းတွေအရတော့ ဒူဘော့စ်က အူဆက်ခ်နဲ့ပွဲကို ဗြိတိန်အတွင်းမှာပဲ ထိုးသတ်ဖိုတောင်းဆိုထားပြီး အူဆက်ခ်ရဲ့ ပွဲစီစဉ်သူကတော့လန်ဒန်မှာရှိတဲ့ ဝင်ဘလေကွင်းက ပွဲကျင်းပဖိုအတွက် နေရာတစ်ခုဖြစ်တယ်လို ပြောပါတယ်။ ဒူဘော့စ်ဟာ ၂၀၂၃ တုန်းက အူဆက်ခ်နဲ့ ပိုလန်နိုင်ငံမှာ ထိုးသတ်ခဲ့ဖူးပြီး အရှုးပေးထားခဲ့ရဖူးတာဖြစ်ပါတယ်။

အူဆက်ခ်ကတော့ ဗြိတိန် လက်ဝှေ့သမားတွေဖြစ်တဲ့ တိုင်ဆန်ဖြူုရီ၊ ဂျော့ရှူအာ၊ ဒူဘော့စ်နဲ့ ချီဆိုရာတိုကိုအနိုင်ရတဲ့ပွဲတွေအပါအဝင် ထိုးသတ်ခဲ့တဲ့ ၂၃ ပွဲမှာရှုးပွဲမရှိထားပါဘူး။ အသက် ၂၇ နှစ်အရွယ် ဒူဘော့စ်ကတော့ ၁၉၉၉ ခုနှစ်က လင်းနော့လူးဝစ်နောက်ပိုင်း အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရှင်ဖြစ်လာဖို မျှော်လင့်နေတာ ဖြစ်ပါတယ်။