အောက်တိုဘာလ(၆)ရက်နေ့က ကစားခဲ့တဲ့ အီတလီအသင်းနဲ့ နေးရှင်းလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ပြင်သစ်အသင်က ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ ပွဲအစ(၁)မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်း အီတလီအသင်းရဲ့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ပွဲအပြီးမှာ(၃)ဂိုး၊ (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ပြင်သစ်အသင်းဟာ အမ်ဘာပေအပါအဝင် အသင်းရဲ့အဓိကကစားသမားတွေကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပေမယ့် အီတလီအသင်းက အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပွဲအစ(၁)မိနစ်မှာတင် ဘာကိုလာက သွင်းယူပေးခဲ့တာဖြစ်ပြီး အီတလီအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်မိနစ်(၃၀)မှာ ဒီမာကို၊ (၅၁)မိနစ်မှာ ဖာရာတက်စီ၊ (၇၄)မိနစ်မှာ ရက်စ်ပါဒိုရီတို့က အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
နေးရှင်းလိဂ်ပြိုင်ပွဲမှာ အီတလီ၊ ဘယ်ဂျီယံ၊ အစ္စရေး အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေသလို အခုပွဲစဉ်မှာရှုံးနိမ့်ခဲ့တာကြောင့် ပြင်သစ်အသင်းအနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းရအောင် လုပ်ဆောင်ဖို့အတွက် လိုအပ်နေပြီပဲဖြစ်ပါတယ်။