တံကောက်ကြောဒဏ်ရာကြောင့် ပီရူးအသင်းနဲ့ကစားခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော် ခဲ့တဲ့ မက်ဆီဟာ အီကွေဒေါအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာလည်း ပါဝင်ဖို့မသေချာဘူးလို့ အာဂျင်တီးနား နည်းပြ စကာလိုနီက ပြောပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အီကွေဒေါအသင်းနဲ့ ကစားဖို့ အတွက် ကြိုတင်လေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေးမှာ အသင်းနဲ့အတူ ပူးပေါင်းနေပြီ ဖြစ်ပေ မယ့်လည်း အီကွေဒေါအသင်းနဲ့ပွဲမှာပါဝင်ဖို့ မသေမချာ ဖြစ်နေခဲ့တာပါ။
အာဂျင်တီးနားအသင်းရဲ့ ပရိသတ်တွေက တော့ မက်ဆီရဲ့ဒဏ်ရာက အခုအချိန်မှာ ပြန်ကောင်းလာပြီဖြစ်သလို အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေတာ ကြောင့် အီကွေဒေါအသင်းနဲ့ကစားမယ့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင် လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
မက်ဆီဟာ (၂၀၂၄) ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် (၂)ပွဲ ကစားပေးထားပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမယ့် ကနေဒါအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာတော့ မာတီနက်ဇ်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။