အမေရိကန် နှင်းလျှောစီး အားကစားမယ့် လင်ဆေးဗွန်းက အသက် ၄၀ အရွယ်မှာ အိုလံပစ်ပြိုင်ပွဲကို နောက် တစ်ကြိမ် ဝင်ပြိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အိုလံပစ်ပြိုင်ပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၈ က ဝင်ပြိုုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၇ နှစ်ကထက် အခုက စိတ်ပိုင်းရော ရုပ်ပိုင်းပါ အကောင်းဆုံး ပုံစံမှာ ရှိနေတဲ့အတွက် ၂၀၂၆ ဖေဖော်ဝါရီမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ လင်ဆေးဗွန်း မျှော်လင့်နေတာ ဖြစ်ပါတယ်။

လင်းဆေးဗွန်းဟာ ပြီးခဲ့တဲ့နှစ်က ဒူဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပေမဲ့ ကြံ့ခိုင်မှုပုံစံက အကောင်း ဆုံး အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒူးကအခုဆိုရင် နာကျင်မှုမရှိတော့ဘဲ အကောင်းဆုံးပုံစံမှာ ရှိနေသလို အခြားပြဿနာလည်း မရှိတာကြောင့် အိုလံပစ်ပြိုင်ပွဲကို အကောင်းဆုံးဝင်ပြိုင်နိုင်ဖို့ မျှော်လင့်ထားတာလို့ လင်းဆေးဗွန်းက ပြောသွားခဲ့ပါတယ်။ နှင်းလျှောစီးပြိုင်ပွဲမှာ ချန်ပီယံဆုပေါင်း ၈၂ ခုအထိ ရယူထားနိုင်ခဲ့တဲ့ လင်ဆေးဗွန်းဟာ ၂၀၁၉ ဖေဖော်ဝါရီမှာ ကစားသမားဘဝက အနားယူခဲ့ပေမယ့် ၂၀၂၄ နိုဝင်ဘာမှာတော့ နှင်းလျှောစီးပြိုင်ပွဲတွေကို ပြန်လည်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။