ပဲရစ်အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်ဖြစ်တဲ့ ပြင်သစ်နိုင်ငံအတွက် ဒုတိယမြောက်ရွှေတံဆိပ်ဆုကို ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တောင်တက်စက်ဘီးစီးပြိုင်ပွဲမှာ စက်ဘီးစီးမယ် ပရီဗော့က ရယူပေးသွားနိုင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ပရီဗော့ဟာ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်ခရီးလမ်းကြောင်း ကို အကောင်းဆုံးယှဉ်ပြိုင်သွားနိုင်ခဲ့တာပါ။
၄ ဒသမ ၄ ကီလိုမီတာခရီးကို ပရီဗော့က ၁ နာရီ ၂၅ မိနစ် ၅၉ စက္ကန့်နဲ့ ပထမရွှေတံဆိပ်ဆုကို ရရှိသွားခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံသူ ဘက်တန်က ၂ မိနစ် ၅၇ စက္ကန့်အကွာနဲ့ ဒုတိယ၊ ဆွီဒင်နိုင်ငံသူ ဂျန်နီက တတိယကြေးတံဆိပ် အသီးသီး ရရှိသွားခဲ့ကြပါတယ်။

တောင်တက်စက်ဘီးစီး ပြိုင်ပွဲ တွေမှာ ကမ္ဘာ့ချန်ပီယံဆုကို ၅ ကြိမ်ရရှိထားခဲ့တဲ့ ပရီဗော့အတွက်တော့ ကာလရှည်ကြာ စောင့်ဆိုင်းလာခဲ့ ရတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုကို အခုနှစ်မှာ ပထမဆုံးအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခုပြိုင်ပွဲကို ပြင်သစ် အသင်းပရိသတ် ထောင်နဲ့ချီ လာရောက်အားပေးခဲ့တာဖြစ်ပြီး အနိုင်ရသူ ပရီဗော့နဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။
ပရီဗော့ အတွက် အခုပြိုင်ပွဲက ကစားသမားဘဝ ၄ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုဖြစ်ပြီး ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တဲ့ ခံစားချက်က ပြောမပြတတ်အောင် ဖြစ်ရပါတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။