ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးက ပဲရစ်အိုလံပစ်ပြိုင်ပွဲက သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်လိမ့်မယ်လို့ ဇူလိုင်လ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ် မာရေးဟာ အိုလံပစ်အမျိုးသား တစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခုကို ရယူနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း သူ့ရဲ့တင်းနစ်ကစားသမားဘဝကို နောက်ထပ်ဖြတ်သန်းဖို့ အတွက် မသေချာတော့ဘူးလို့ အခုနှစ်စပိုင်းတုန်းက အင်ဒီမာရေး ဝန်ခံထားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့ တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာတော့ အင်ဒီမာရေးကို ဂုဏ်ပြုနှုတ်ဆက်မှုတွေ ပြုလုပ်ပေးခဲ့ပြီး မာရေးဟာ သူ့ရဲ့ ကစား သမားဘဝ ဂရင်းစလမ်ချန်ပီယံဆု ၃ ကြိမ်ရရှိထားခဲ့ရာမှာ ဝင်ဘယ်ဒန်ချန်ပီယံဆုက ၂ ကြိမ်အထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် စတင်ဝင်ပြိုင်ခဲ့တဲ့ မာရေးအတွက် ပဲရစ်အိုလံပစ် ပြိုင်ပွဲက ၅ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်မှုဖြစ်လာမှာပါ။
အင်ဒီမာရေးဟာ ၂၀၁၉ မှာ တင်ပါးဒဏ်ရာကို စတင်ရရှိခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး အခုနှစ်တင်းနစ် ရာသီအစပိုင်းမှာလည်း ခြေကျင်းဝတ်ဒဏ်ရာကို ရရှိထားခဲ့တာဖြစ်ပါတယ်။