အဲဗာတန်အသင်းဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းရဲ့ နောက်ခံလူ ဂျိတ် အိုဘရီယန်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၆ ဒသမ ၄ သန်းနဲ့ ခေါ်ယူလိုက်ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် အိုင်ယာ လန် နောက်ခံလူ ဂျိတ် အိုဘရီယန်ဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းအတွက် ၂၇ ပွဲအထိ ပါဝင် ကစားပေးခဲ့ တာ ဖြစ်ပါတယ်။
အခုနွေရာသီ အပြောင်းအရွှေ့မှာ အီရော့ဘူနန်၊ အန်ဒိုင်ယီ၊ လင်းစထရောင်းနဲ့ ဟာရီဆန်တို့ ပြီးနောက် အိုဘရီယန်ဟာ အဲဗာတန်အသင်းခေါ်ယူခဲ့တဲ့ ၅ ယောက်မြောက် ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ကစားဖို့ဆိုတာက ကစားသမားဘဝ အိပ်မက်ဖြစ်ခဲ့သလို အဲဗာတန်အသင်းနဲ့ စာချုပ်ချုပ်ခွင့် ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ အသင်းသစ်နဲ့ အင်တာဗျူးမှာ အိုဘရီယန်က ပြောသွားခဲ့ပါတယ်။
အိုဘရီယန် ဟာ အိုင်ယာလန်ကလပ် ကော့ခ်စီးတီးနဲ့ ကစားသမားဘဝ စတင်ခဲ့ပြီးနောက် ပဲလေ့စ်အသင်းအကယ်ဒမီကို ရောက်လာခဲ့ပြီး အသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက လိုင်ယွန်အသင်းကို ပြောင်း ရွှေ့သွားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အဲဗာတန်အသင်းရဲ့ ခေါ်ယူမှုကို ခံခဲ့ရတာဖြစ်ပါတယ်။