၂၀၂၄ ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲရဲ့ မြားပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အိန္ဒိယမြားပစ်မယ် ရှီတဲလ်ဒေဗီကို သူမရဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့မှုအတွက် ကမ္ဘာတစ်ဝန်းက ချီးကျူးနေကြပါတယ်။
အသက် ၁၇ နှစ် အရွယ်သာ ရှိသေးပေမယ့် ဒေဗီဟာ ပြိုင်ပွဲကို အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့သလို ချီလီမြားပစ်မယ် ဇူနီဂါနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ ဦးအဆင့်ပွဲမှာ ပစ်မှတ်ရဲ့ အလယ်ဗဟိုချက်ကို ထိအောင်ပစ်နိုင်ခဲ့တဲ့ ဒေဗီရဲ့ စွမ်းဆောင်ရည်ကို အားလုံးက ချီးကျူးနေကြတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဇူနီဂါက ဒေဗီကို ၁၃၈ မှတ် – ၁၃၇ မှတ်နဲ့ အနိင်ရခဲ့ပေမယ့် ဒေဗီရဲ့ ပစ်ချက်တိကျမှုကို ချီးကျူးခဲ့ကြတာပါ။
ဒေဗီဟာ တစ်ဦးချင်းပွဲမှာ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရပေမယ့် အိန္ဒိယ မြားပစ်သမား ကူးမားနဲ့အတူ ပြိုင်ပွဲဝင်ခဲ့တဲ့ အသင်းလိုက် Compound ပြိုင်ပွဲမှာတော့ တတိယကြေးတံဆိပ်ဆု ရရှိသွားခဲ့ပါတယ်။
တတိယနေရာလုပွဲမှာ ဒေဗီပါဝင်တဲ့ အိန္ဒိယအသင်းက အီတလီအသင်းနဲ့ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုပွဲစဉ်မှာလည်း ဒေဗီဟာ အိန္ဒိယအသင်းအတွက် ရမှတ်တွေကို ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
၂၀၂၄ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲနဲ့အတူ လူသိများလာခဲ့တဲ့ ဒေဗီဟာ သူရဲ့လူမှုကွန်ရက်တွေမှာလည်း အားပေးသူတွေ များပြားလာခဲ့တယ်လို့ သိရပါတယ်။